ဆိုးလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၀၇ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပူးတွဲကျင်းပရန် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။
ဆစ်ဒနီ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ပါပူအာနယူးဂီနီနိုင်ငံတွင် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂ရက် (ဆင်ဟွာ) မြေယာ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှု၊ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် တည်ဆဲ မြေယာ ဥပဒေများ ကို လွှမ်းခြုံသော အမျိုးသား မြေဥပဒေ တစ်ရပ် ပြဌာန်းပေးဖို့လိုအပ်ကြောင်း ဒုတိယ သမ္မတ၊ အမျိုးသား မြေအသုံးချမှု ကောင်စီ ဥက္ကဋ္ဌ ဦးဗန်ထီးယူက ယနေ့...
လီမာ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ အလယ်ပိုင်း Junín ပြည်နယ် တွင် ခရီးသည်တင် နှစ်ထပ် ကားတစ်စီး စက်တင်ဘာ ၃၀ ရက်က ချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။