ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား အဆင်ပြေသောအချိန်၌ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်မှ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ဒိုးတန်းကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် မဲဒီကျေးရွာအနီး၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)စာချုပ်၌ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို မတရားအသင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတောင်ပိုင်း Ingushetia ၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Su-35 ဂျက်တိုက်လေယာဉ်များသည် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ် အဖြစ် နောက်ဆုံးပေါ် J-20 လျှို့ဝှက်ထောက်လှမ်းရေး ဂျက်လေယာဉ်များ နှင့်အတူ လေကြောင်းလုံခြုံရေးအတွက် ကင်းလှည့်စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစစ်ဘက်ကျွမ်းကျင်သူတစ်ဦးက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။