ဟာဘင်၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သည် ဆိုက်ဘေးရီးယားနိုင်ငံ နှင့် ကပ်လျက် အရှေ့မြောက်ပိုင်း ဧရိယာ၌ ၎င်း၏ အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းအား ဖွင့်လှစ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုတ္တမကွေ့အနီးတွင် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ မေ ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) က ၎င်း၏ နိုင်ငံကူးလက်မှတ် (Passport) အား ပြန်ပေးရန် အသနားခံစာတင်ထားမှုအား ထိုင်း တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း၊ ထိုင်းနိုင်ငံ၏ တရားရုံးစနစ်မှာ ယိုယွင်းနေပြီဖြစ်ကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ပြောကြားထားသည်။
အာပူဂျာ ၊ မေ ၂ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Adamawa ပြည်နယ် Mubi မြို့တွင် မေလ ၁ ရက် နေ့၌ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွား ခဲ့ရာ လူပေါင်း အများအပြား...