Connect with us

Videos

မြေအောက် မီတာ ၅၀၀ တွင် 5 G နည်းပညာဖြင့် အဆင့်မြှင့်ထားသည့် စမတ် ကျောက်မီးသွေးတွင်း  

ဆန်းရှီး၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ရှိ Yangquan Coal Industry (group) Co က ၎င်းတို့ ကုမ္ပဏီ၏ ကျောက်မီးသွေးတွင်းများအနက် တစ်ခု တွင် 5G နည်းပညာကို တပ်ဆင်အသုံးပြု၍ အသိဉာဏ်တုနည်းပညာသုံး စမတ်ကျောက်မီးသွေးတွင်းတစ်ခု အဖြစ်  ပြောင်းလဲနိုင်ခဲ့သည်။ မြေအောက် မီတာ ၅၀၀ တွင် အင်တာနက်မြန်နှုန်းကိုစစ်ဆေးရာတွင် data upload speed မှာ 800 Mbps ကျော်လွန်ခဲ့သည်။ ၎င်းကျောက်မီးသွေးတွင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး မြေအောက် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတွင် တပ်ဆင်အသုံးပြုသည့် လုပ်ငန်းသုံး 5G ကွန်ရက်စနစ်တစ်ခုဖြစ်လာခဲ့ပြီး China Mobile နှင့် Huawei ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ 5G ဝန်ဆောင်မှုတွင် HD အဆင့်မြင့် နည်းပညာသုံး အသံနှင့် အရုပ်ဝန်ဆောင်မှုဆိုင်ရာ application များလည်းပါဝင်ပြီး ကျောက်မီးသွေးတွင်း အတွင်း၌ ကိရိယာများကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ် ခိုင်းစေနိုင်သောကြောင့် ကျောက်မီးသွေးလုပ်သားများ လုပ်ငန်းခွင် အတွင်း အန္တရာယ် ကျရောက်မှုများကိုရှောင်ရှားနိုင်မည်ဖြစ်သည်။ 5G နည်းပညာဖြင့် မြေအောက်လုပ်သားအင်အား ကိုလျှော့ချနိုင်မည်ဖြစ်ပြီး ကျောက်မီးသွေးထွက်ရှိမှုကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အလားတူကျောက်မီးသွေးတွင်းများ ထပ်မံတည်ဆောက်သွားရန်လျာထားကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.