ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ တိုက်ဖျက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ ပထဝီနိုင်ငံရေးရည်မှန်းချက်များ နှင့် စီးပွားရေး အကျိုးအမြတ်များသို့မဟုတ် နိုင်ငံရေးအရ ချည်နှောင်မှုများကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်၏ဇစ်မြစ်ကို ရှာဖွေသွားမည်ဖြစ်ပြီး ထိုသို့ရှာဖွေရာတွင် ပညာရှင်ဆန်စွာ၊ သမာသမတ်ကျစွာနှင့် အပြုသဘောဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မေလ ၂၄ ရက်တွင် ကျင်းပခဲ့သည့်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ကျင်းပသည့် တရုတ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက COVID-19 တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက အာဖရိကတိုက်နှင့်အတူ တစ်ဖက်နှင့်တစ်ဖက် အတူရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါသည် တရုတ်နိုင်ငံတင်မကဘဲ အမေရိကန်နိုင်ငံ အတွက်ပါ ဘုံရန်သူဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများသည် အချင်းချင်းကူညီရိုင်းပင်းခြင်းအားဖြင့် ကောင်းမွန်သည့်အကျိုးစီးပွါးများကိုဖြစ်ထွန်းနိုင်စေကြောင်းတရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာကျန်းမာရေးအဖွဲ့ WHO အား ရွံ့ဖြင့်ပစ်ပေါက်ပါက တစ်နည်းအားဖြင့် အပြစ်တင်ပြောဆိုပါက ၎င်းပြုလုပ်သူထံသို့ ရွံ့ပြန်စင်နိုင်သလို အပြစ်တင်ခံရနိုင်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၄ ရက်တွင်ပေကျင်း၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)