ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပါအဝင် အခြားမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေသော သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ကဘူးလ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့နန်ဂါဟာ(Nangarhar) ပြည်နယ်ရှိ စစ်သွေးကြွများ ထိန်းချုပ်ထားရာနေရာကို ယနေ့(စက်တင်ဘာလ ၆ ရက်)တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အား သစ္စာခံထားသည့် စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
ရာဘက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့စဉ်ကတည်းက အရှေ့အလယ်ပိုင်းဒေသရှိ အကြမ်းဖက်အုပ်စုများအတွင်းသို့ ဝင်ရောက်လာသည့် မော်ရိုကိုနိုင်ငံသား အကြမ်းဖက်သမား ၁,၆၆၄ဦး ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၅ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဒဏ်ရာရရှိထားသော ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် တစ်ဖက်နိုင်ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတစ်ဝန်း အစ်ပွဲတော်ကာလ ၁၀ရက်တာ အမျိုးသားပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုများ ကြောင့် စုစုပေါင်း လူ ၁၂၂ဦး သေဆုံးခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။