ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာသန်း ၁ဝဝဝ ကျော်လွန် သည်အထိ တိုးမြှင့်သွားရန် သဘောတူခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယူးယောက်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အနောက် အိန္ဒိယ-အန္တာတိတ် စက်ဝန်းတွင် ရစ်ချ်တာစကေး ၅.၈ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ABOARD LIAONING AIRCRAFT CARRIER ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ်မတော်မှ လေယာဉ်တင်သင်္ဘော လျောင်းနင် (Liaoning) ပါဝင်သည့် ရေတပ်သင်္ဘောအုပ်စုတစ်ခုသည် အနောက်ပစိဖိတ်ဒေသ၌ ဧပြီ ၂ဝရက်တွင် ရေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တူးနစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ တွင် ဧပြီ ၂၁ရက် နံနက်အစောပိုင်းက မြူနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့် ကား ၂၅စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနကဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဧပြီ ၂၂ ရက် နံနက်ပိုင်းအချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။