ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားတွင် သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်ဆမှုကြောင့် Squash အားကစားပြိုင်ပွဲစဉ်များကို ယာယီရွှေ့ဆိုင်း ထားကြောင်း မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ(MASOC)က ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ပုလဲရောင်းချပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ယနေ့ အထိ ပွဲပေါင်း ၉၀ ကျင်းပ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၇၈ သန်းရရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေကြီးမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ယာယီပိတ်ထားရသောစာသင်ကျောင်း ၂၅ဝ ခန့် ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။
ရှီနင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု ကနဦးစတင်မှု အသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားတစ်စင်းသည် သြဂုတ်လ ၂ဝ ရက်တွင် ဂိုလ်မတ်မြို ့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။
စင်ကာပူ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်း နှင့် ကုန်ပစ္စည်းတင် သင်္ဘောတစ်စင်းတို့သည် မာလက္ကာ ရေလက်ကြား၌ ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး ၊ ယင်းဖြစ်စဉ်ကြောင့် သင်္ဘောသား ၁ဝ ဦးပျောက်ဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမေရိကန်ရေတပ်က ယနေ့( သြဂုတ်လ ၂၁ ရက်)...