အစ္စလာမ်မာဘတ်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဧပြီလ ၁၁ ရက်တွင် ကက်ရှ်မီးယားဒေသ အိန္ဒိယ-ပါကစ္စတန်နှစ်ဖက်ခွဲခြားထားသည် နယ်စပ်မျဉ်းအနီး၌ အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဒေသခံအရပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) သြင်္ကန် နှစ်သစ်ကူး ရုံးပိတ်ရက် ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက် အတွင်း အများပြည်သူများ ခရီး သွားလာရေး အဆင်ပြေ ချောမွေ့စေရန် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ...
ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဓါတုလက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း သံသယကို တုံ့ပြန်ရန်အတွက် ဆီးရီးယားနိုင်ငံဆီသို့ ဒုံးကျည်များ“ လာလိမ့်မည်” ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁၁ ရက်တွင် ရုရှားအား ခြိမ်းခြောက်ပြောကြားလိုက်သည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားသော သြင်္ကန်မှုခင်းများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး ၃၄ ရုံးတွင် အထူးတရားရုံးများ ဖွင့်လှစ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဘိုဂိုတာ ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ က ဧပြီလ ၁၁ ရက်နေ့၌ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရာသဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။