နယူးဒေလီ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံက ၎င်းတို့၏ အကြီးဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ၂ ပတ်ကြာပြုလုပ်မည့် လေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဧပြီ ၈ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီတွင် ယနေ့ (ဧပြီလ ၇ ရက်) ပေကျင်းစံတော်ချိန် နေ့လယ် ၁း၄၈ နာရီက ပြင်းအား ၆.၃ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကာလအတွင်း ရထားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပုံမှန်ပြေးဆွဲလျက်ရှိသော ရထားတွဲဆိုင်း များအပြင် သြင်္ကန်အထူးရထားတွဲဆိုင်းများ အား ဧပြီ ၁ဝ ရက်မှ စတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတွင်း အများပြည်သူ အနားယူနိုင်စေရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ အင်းလျားကန်ပေါင်၌ ထီးအလက် ငါးရာတပ်ဆင်ထားကြောင်း သိရသည်။