တီဟီရန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် ဧပြီ ၁ ရက်က ပြင်းအား ၅.၃ အဆင့် ငလျင်လှုပ်ခတ် ခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများ၏ သတင်းများအရ သိရှိရသည်။
ထရီပိုလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် ၊ မတ်လအတွင်း လစ်ဗျားနိုင်ငံ၌ ပဋိပက္ခတိုက်ပွဲများကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် (UNSMIL) က ဧပြီ ၁ ရက်တွင်ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ဒုတိယကမ္ဘာစစ်အတွင်း သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း Trincomalee ဆိပ်ကမ်း၌ နစ်မြုပ်ခဲ့သော ဗြိတိသျှစစ်သင်္ဘော အက်စ်အက်စ်စကိုင်း(SS Sagaing) အား အချိန် ၇၅ နှစ်ကြာပြီးနောက် သီရိလင်္ကာရေတပ်၏ ရေငုပ်အဖွဲ့တစ်ခုက ဆယ်ယူနိုင်ခဲ့ကြောင်း သီရိလင်္ကာရေတပ် သတင်းပြန်ကြားရေးက ဧပြီလ ၁ ရက်တွင်...
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော လမ်း နှင့် အဆိုပါ လမ်းပေါ်ရှိ တံတား(၅)စင်းအား ဧပြီ ၁ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။