Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ရေခဲခွဲ သင်္ဘော ပင်လယ် ပြင်လေ့လာရေးခရီးထွက်ခွါ

ရှန်ဟိုင်း၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ရေခဲခွဲ သင်္ဘော နှင်းနဂါးသင်္ဘောအမှတ်၂  (Xuelong 2) သည် ပင်လယ် ပြင်လေ့လာရေးခရီးစတင်ထွက်ခွါသွားပြီဖြစ်ကြောင်းသိရသည်။ ၎င်းသည် အာတိတ်ဒေသတွင် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည်။ Xuelong 2 အား ရှန်ဟိုင်းမြို့တွင် ၄၅ ရက်ကြာ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ၏ ၃၆ ကြိမ်မြောက် အန္တာတိက ရေခဲပြင်လေ့လာရေးလုပ်ဆောင်ပြီးနောက် ဧပြီ ၂၃ ရက်တွင် ရှန်ဟိုင်းမြို့သို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရှန်ဟိုင်းတွင် နောက်ထပ်  Xuelong အမျိုးအစား သင်္ဘောတစ်စင်းကိုလည်း လက်ရှိတွင် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များစတင်လုပ်ကိုင်နေပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.