ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့နယ်အတွင်း ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် မြို့ပေါ်ရပ်ကွက် များ ၊ လမ်းသွယ်များ၊ လမ်းမကြီးများနှင့် မသင်္ကာဖွယ်ရာနေရာများတွင် လုံခြုံ ရေးစစ်ဆေးခြင်းများကို စက်တင်ဘာ ၄ ရက်မှ စတင်ပြီး တင်းကျပ်စွာ ဆောင်ရွက် နေကြောင်း ပြန်ကြားရေး...
ဟေဖေ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟေဖေမြို့တွင် မိလ္လာမှ တစ်ဆင့် လျှပ်စစ်ထုတ်လုပ်ခြင်းနည်းစနစ်ကို အသုံးပြုလျက်ရှိပြီဖြစ်သည်။ ဟေဖေမြို့ရှိ မိလ္လာကန်ကြီးများပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကိုတပ်ဆင်ထားပြီး နှစ်စဉ် လျှပ်စစ်ကီလိုဝပ်ပေါင်း ၁၂ သန်းကို ထုတ်လုပ်ခြင်းဖြစ်သည်။ ထိုသို့လျှပ်စစ်ထုတ်လုပ်ခြင်းကြောင့် နှစ်စဉ်ကျောက်မီးသွေးတန်ချိန်ပေါင်း ၄ ထောင်ခန့်ကို ခြွေတာရာ ရောက်သည့်အပြင်...
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရှီးကျားကျွမ်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှိ ခရိုင်တစ်ခု တွင် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်း အစုအဝေး တစ်ခုကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် စက်တင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။