ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဆိုပြုစာတွဲ တင်သွင်းထားပြီးဖြစ်၍ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS-International Council on Monuments and Sites) အဖွဲ့ မကြာမီလာရောက် စစ်ဆေး မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသည့် ရန်ကုန်-မန္တလေး လမ်းအဟောင်းကို ယနေ့ပြုပြင်ပြီး မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေ အနှစ်စာရင်းဝင် အထိမ်းအမှတ်တံဆိပ် စိုက်ထူခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာခဲအို အာခီဘာ နှင့် သြဂုတ် ၂၉ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ နှင့် သတင်းမှားများကို ပြည်သူတို့သိရှိအောင် အသိပေးထုတ်ပြန်ပေးမည့် နိုင်ငံအဆင့် အွန်လိုင်းကောလာဟလသတင်းအချက်အလက် စောင့်ကြည့်ရေး စြင်္က ံတစ်ခုကို သြဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။