ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်တစ်ဦးဖြစ်သူ အသက် ၇၇ နှစ်အရွယ် Nancy Pelosi သည် ဖေဖော်ဝါရီလ ၆ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်သည့် မိန့်ခွန်းအား အချိန် ၈ နာရီကြာ ဆက်တိုက် ပြောကြားခြင်းဖြင့် စံချိန်တင်ခဲ့ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနဝန်ထမ်းများအနေဖြင့် တရားမဝင်မြေချပါမစ်ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်းတွေ့ရှိပါက၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကယနေ့ ပြောကြားသည်။
နန်ကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်သိပ္ပံပညာရှင်အဖွဲ့နှစ်ဖွဲ့ က နှစ်ပေါင်းသန်း ၁ဝဝ သက်တမ်းရှိ အမြီးရှည်ပါ ပင့်ကူမျိုးစိတ်ကို ရှာဖွေတွေ့ရှိပြီး ၎င်းပင့်ကူမျိုးစိတ်ကို လေ့လာလျက်ရှိပြီဖြစ်သည်။ အဆိုပါပင့်ကူက အမြီးမပါဝင်လျှင်ခန္ဓာကိုယ်အရှည် အများဆုံး၂.၈ မီလီမီတာသာရှိသည်။ အမြီးက ခန္ဓာကိုယ်ထက်အနည်းဆုံး နှစ်ဆရှည်သည်။၎င်းပင့်ကူမျိုးစုကို Chimerarachne ဟု အမည်တွင်ပြီး မြန်မာ့ပယင်းကျောက်ထဲတွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ကာ...
BAQUBA ၊ အီရတ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အရှေ့ပိုင်း ဒီယာလာပြည်နယ်ရှိ လူအများအပြားရှိနေသည့် ကော်ဖီဆိုင် တစ်ဆိုင်အား ဖေဖော်ဝါရီလ ၈ ရက်က သေနတ်သမားတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နှင့် ဖေဖော်ဝါရီလ ၈ ရက်က ဝါရှင်တန်၌ တွေ့ဆုံစဉ် ကိုရီးယား ကျွန်းဆွယ်အရေး တင်းမာမှု ဖြေလျှော့ရေးအတွက် နိုင်ငံတကာ အကူအညီပေးရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။