Connect with us

VIDEO

တရုတ်နိုင်ငံက အရည်အသွေးကောင်းမွန်သည့်နှာခေါင်းစည်းများထုတ်လုပ်တင်ပို့မှုတိုးမြှင့်ရန်လုပ်ဆောင်

အန်းဟွေး၊ မေ ၂၀ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွင် နှာခေါင်းစည်းများသည် ရောဂါကာကွယ်ရေးအတွက် မရှိမဖြစ်လက်နက်တစ်ခုဖြစ်လာခဲ့သည်။တစ်ကမ္ဘာလုံးသို့ နှာခေါင်းစည်းများတင်ပို့ထုတ်လုပ်ပေးနေသော စက်ရုံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ အန်းဟွေးဒေသရှိ နှာခေါင်းစည်း ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် အရည်အသွေးကောင်းမွန်သော နှာခေါင်းစည်းများထုတ်လုပ်နေမှုကို ဆင်ဟွာသတင်းဌာနမှ သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ 

တရုတ်နိုင်ငံ အရှေ့ပိုင်းအန့်ဟွေးပြည်နယ်ထျန်းချန်မြို့ရှိ အဆိုပါ နှာခေါင်းစည်းထုတ်လုပ်ရေးစက်ရုံတွင် နေ့စဉ် နှာခေါင်းစည်းအခုရေ ၅သန်းခန့်ထုတ်လုပ်ပေးနေသည်။ယင်းအထဲမှ ၈၀ ရာခိုင်နှုန်းခန့်ကို ဂျာမဏီနှင့် ပြင်သစ်နိုင်ငံအပါအဝင်နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့နေခြင်းဖြစ်သည်။ ၎င်းစက်ရုံသည် အလိုအလျောက်စနစ်ဖြင့် နှာခေါင်းစည်းများကို ထုတ်လုပ်ပေးနေသည်။ စက်ရုံဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်းများ၏ အရည်အသွေး ပြည့်မီမှုရှိမရှိကို စစ်ဆေးပေးရသည်။ အချက်အလက်များအရ မတ် ၁ရက်မှ ဧပြီ ၃၀အထိ တရုတ်နိုင်ငံ  တစ်ကိုယ်ရေးသုံးအကာအကွယ်ပစ္စည်း(PPE) အခုရေ သန်း ၁၃၀ နှင့်  နှာခေါင်းစည်းအခုရေ ၂၇.၈ ဘီလီယံခန့်ကို ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ပြီးဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.