ဆန်ဖရန်စစ္စကို၊ မေ ၁၅ ရက် (ဆင်ဟွာ) Facebook ၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) က Cambridge Analytica အရှုပ်တော်ပုံတွင် App များအား အပြည့်အဝ စုံစမ်းစစ်ဆေးမှုနှင့် စာရင်းစစ် ပြုလုပ်မည်ဟု မတ်လက ကတိပြုပြီးနောက် အချက်အလက်များ တလွဲသုံးသည်ဟု ယူဆရသော...
ရာမယ်လ်လာ၊ မေ ၁၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလမ်မြို့သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့မှု သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှု နှင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားမှုကို ဦးတည်လာစေမည်ဖြစ်ကြောင်း ပါလက်စတိုင်းလေ့လာဆန်းစစ်သူများ ကပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာသစ်အနောက်ဘက်နေရာ၌ မေ ၁၄ရက်နေ့တွင် တရားမဝင် ပိတောက်/ကျွန်းသစ်/ဓါးရွေ (၁၅၂)လုံး တန်အားဖြင့် (၃၃.၆၃၂၂) တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ရိုဘီ ၊ မေ ၁၅ ရက်(ဆင်ဟွာ) တောင်ဆူဒန်မြောက်ပိုင်း ဆူဒန်နှင့်ကပ်လျက်ရှိသော ဒေသတွင် မေလ ၁၄ ရက် က အစိုးရဆန့်ကျင်လက်နက်ကိုင်များနှင့်အစိုးရစစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်အစိုးရစစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။