ထိုက်ယွမ် ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) သည် ရိုးသားဖြောင့်မတ်သော ကတိကဝတ်ဖြင့် တရုတ်ပြည်သူပြည်သား အားလုံးအတွက် ပျော်ရွှင်မှုများကို ဆောင်ကြဉ်ပေးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်သို့ သွားရောက် စစ်ဆေးသောခရီးစဉ်အတွင်း ရွာသူရွာသားများနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ သတင်းသမားများအတွက် ရက်ပေါင်း ၉၀ နေထိုင်ခွင့် ဗီဇာကန့်သတ်မှု ပြုလုပ်ရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်း နှင့် ကန့်ကွက်ရှုံ့ချကြောင်း တရုတ်နိုင်ငံက မေ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) ပလတ်စတစ်ထိုင်ခုံများသည် လက်ရှိကာလတွင် လူသုံးများသည့် အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်သည်။ အဆိုပါပလတ်စတစ် ထိုင်ခုံများကို စက်ရုံ၌ ထုတ်လုပ်ပုံအဆင့်ဆင့်အား ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ကျန်းစု၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကျန်းစုပြည်နယ် အရှေ့တောင်ပိုင်း ကွန်ရှန်းမြို့တွင် လူနေအဆောက်အဦများကို ပိရမစ်ပုံဆောက်လုပ်ထားသည်ကို လှပစွာမြင်တွေ့နိုင်သည်။ အဆောက်အဦအတွင်းရှိအခန်းများနေရောင်တိုက်ရိုက်ထိတွေ့မှုရှိစေရန် ထိုသို့ဆောက်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)