ဟောင်ကောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ဟောင်ကောင် အခြေခံဥပဒေပြဌာန်းသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် နှင့် မကြာသေးမီက တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ ဟောင်ကောင်အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေ အတည်ပြုခဲ့မှုတို့နှင့်စပ်လျဉ်းသည့် အင်တာနက် အစည်းအဝေးတစ်ရပ် ကို ဇွန် ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးတွင်...
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 တိုက်ဖျက်ရာတွင် ပြည်သူတို့၏ အသက်အိုးအိမ်နှင့်ကျန်းမာရေးကို ထိပ်တန်းဦးစားပေးဆောင်ရွက်လျှက်ရှိပါကြောင်း ၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်နှင့်ကျန်းမာရေးကိုတတ်နိုင်သမျှ အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ပါကြောင်း ဇွန် ၇ ရက်က တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးမှ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင်ဖော်ပြပါရှိသည်။ ( Xinhua)
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဇွန် ၈ ရက်က COVID-19 ရောဂါဖြစ်ပွားသူ နောက်ဆုံးလူနာ သက်သာလာကာ ဆေးရုံမှဆင်းသွားပြီဖြစ်၍ ပြည်တွင်းကူးစက်မှုအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) ကမ္ဘာ့ ကပ်ရောဂါအခြေအနေသည် ဆိုးဝါးလျက်ရှိပြီး ကမ္ဘာ့စီးပွားသည် အခြေအနေမှာလည်း ဒုတိယကမ္ဘာ့စစ် နောက်ပိုင်း အဆိုးဝါးဆုံး နောက်ပြန်ဆုတ်မှုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားလိုက်သည်။