ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံများသို့ တက်ရောက်သတင်းယူရန် ပြည်ပမှ သတင်းစာဆရာ ၁,၀၀၀ ကျော်အပါအဝင် စုစုပေါင်း သတင်းထောက် ၃,၀၀၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။
ရီယိုဒီဂျနရို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီ ၁ရက်မှ ဖေဖော်ဝါရီ ၂ရက်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း၊သံသယရှိသူ အရေအတွက်သည် ၅၄,၇၇၇ဦး ရှိခဲ့ရာ ယခင်နှစ်ကထက် ရာခိုင်နှုန်းအားဖြင့် ၁၄၉ ရာခိုင်နှုန်း တိုးတက်ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ ရောဂါသည် လူတစ်သောင်းတွင် ၂.၆၃ယောက်ဖြစ်ပွားလျက်ရှိကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၌ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။