Connect with us

ASEAN

စင်ကာပူနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် အများဆုံး အရေအတွက်ဖြစ် ၁,၄၂၆ ဦး စစ်ဆေးတွေ့ရှိ

စင်ကာပူနိုင်ငံရှိ လမ်းမတစ်ခုပေါ်တွင် ဖြတ်သန်းသွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) 

စင်ကာပူ နိုင်ငံ၌ ယနေ့ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းအချိန်ထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူ လူနာသစ် ၁,၄၅၆ ဦး ရှိခဲ့ပြီး ယင်းမှာ လက်ရှိအချိန်ထိ တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှု အများဆုံးအရေအတွက် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ထိုသို့ အရေအတွက် တိုးလာခြင်းနှင့်အတူ နိုင်ငံအတွင်း စုစုပေါင်း အတည်ပြုလူနာ ၈,၀၁၄ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ ယခု ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် လူနာသစ်အများစုမှာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ဖြင့် စင်ကာပူနိုင်ငံ၌ လာရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားတန်းလျားများတွင် နေထိုင်ကြသော ပြည်ပအလုပ်သမားများဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117