ခါတွန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ ခါတွန်ပြည်နယ် ကျန်းမာရေး အာဏာပိုင်များက မြို့တော် ခါတွန်မြို့ ရှိ ဆေးရုံတစ်ခု၏ ရေခဲတိုက်တစ်ခုတွင် ရုပ်အလောင်း ၃၀၀ ရှိနေကြောင်းစွပ်စွဲချက်ကို ဖေဖော်ဝါရီ ၁၁ရက်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မြေစာပြိုကျပိမိ၍ ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၀ရက်က ငွေကျပ် သိန်း ၃၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ သစ်ဆင်ကျေးရွာအနီး ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းမိုင်တိုင်(၂၆/၄)ကုန်းဆင်း၌ ဖေဖော်ဝါရီ ၁၀ ရက်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ကချင် ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာနအား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာန အဖြစ် ပြင်ဆင်...