နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂ(အီးယူ)က ရှောင်လွှဲ လုပ်ဆောင်နေခြင်းသည် လက်မခံ နိုင်စရာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက စက်တင်ဘာ ၂၅ ရက် တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး၌ အမေရိကန် နိုင်ငံ ရွေးကောက်ပွဲတွင်...
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistsn ပြည်နယ် တွင်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခု၌ အနည်းဆုံး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ် က စက်တင်ဘာ ၂၇ ရက် တွင် ပြောကြားခဲ့သည်။
မိုဂါဒစ်ရှူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ Puntland ပြည်နယ် စစ်ခုံရုံး သည် စက်တင်ဘာ ၂၆ ရက်တွင် ပြစ်မှုထင်ရှားသော စစ်သွေးကြွ ၃ဦးအား သေဒဏ်ပေးခဲ့ပြီး အခြား ၃ဦးအား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၏ အနောက်တောင်ဘက်(၁၃)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၃၈) ဒီဂရီ၊ အနက်(၆၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...