ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် အမျိုးသား ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး ပြီးဆုံးသည့် မတ်လ ၁၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ (Xinhua)
မနီလာ ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် မတ်လ ၂ဝ ရက် မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့(မတ်လ ၁၆ ရက်) တွင် သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု တိုးတက်လာခြင်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ကို စီစဉ်ထားရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယနေ့ရှင်းလင်း တင်ပြခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။