Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်နှင့် မြန်မာနိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် ချိတ်ဆက်

ဟိုင်ခို Meilan အပြည်ပြည်ဆိုင်ရာလေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟိုင်ခို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်တစ်ခုကို ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းက မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်သည် ဟိုင်နန်နှင့် မြန်မာနိုင်ငံအကြား ချိတ်ဆက်ထားသော ဒုတိယမြောက် တိုက်ရိုက် လေကြောင်းလိုင်း ဖြစ်သည်။ပြည်ပလေကြောင်းခရီးစဉ် AQ1133 သည် အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ဟိုင်ခို Meilan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပေကျင်းစံတော်ချိန် ည ၁၁:၀၀ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး နောက်တစ်နေ့ ဒေသစံတော်ချိန် နံနက် ၀၀:၃၅ နာရီ၌ ရန်ကုန်မြို့သို့ ရောက်ရှိရန်လျာထားသည်။ ပြည်တွင်းလေကြောင်းခရီးစဉ် AQ1134 သည် အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်မှ ဒေသစံတော်ချိန် နံနက် ၁:၃၅ နာရီ၌ ထွက်ခွာကာ ဟိုင်ခိုသို့ ပေကျင်းစံတော်ချိန် နံနက် ၆:၀၀ နာရီ၌ ရောက်ရှိမည်ဖြစ်သည်။

“မြန်မာနိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်းမမှာ ပါဝင်နေတဲ့ အရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာဈေးကွက်ကို ကျွန်တော်တို့ တန်ဖိုးထားတယ်” ဟု Jiuyuan လေကြောင်းလိုင်း ဈေးကွက်ဒါရိုက်တာ Qiu Jianming က ပြောခဲ့သည်။၂၀၁၉ ခုနှစ် ဇွန်လက ဟိုင်ခိုနှင့် မြန်မာနိုင်ငံ မန္တလေးမြို့ကို ချိတ်ဆက်ထားသော တိုက်ရိုက်လေကြောင်းခရီးစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။ဟိုင်နန်ပြည်နယ် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အားကစားဌာနဆိုင်ရာ အချက်အလက်အရ ၂၀၁၉ ခုနှစ် ပထမလ ၁၁ လအတွင်း မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည် ၁,၀၈၇ ဦး ဝင်ရောက်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်ကထက် ၁၂၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117