ရန်ကုန်၊နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ်တရုတ်-မြန်မာပူးတွဲ ကော်မတီအစည်းအဝေး ကိုရန်ကုန်မြို့ရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် နံနက်ကကျင်းပခဲ့ကြောင်းသိရသည်။
နန်ကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) အောက်စဖို့တက္ကသိုလ်က ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာနှင့် အင်ဂျင်နီယားရင်း သုတေသနအတွက် ပထမဆုံး ပြည်ပစင်တာကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ်တွင် နိုဝင်ဘာလ ၂၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်သက္ကယ်ကျင်း-ဖောင်းပြင်ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်း Malatya ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက် အစောပိုင်းက ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။