ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၄ ဒီဂရီ၊ အနက်(၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဘရပ်ဆဲ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ဘရပ်ဆဲလ်မြို့ မြောက်ဘက်တွင် ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် ကုန်လှောင်ရုံ တစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးတွင် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ NLDက ပြုလုပ်သော ညီလာခံနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ အဆိုပါ ညီလာခံတွင် ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များကို...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံပထမနေ့ကို ယနေ့ ဇွန်လ ၂၃ ရက်နေ့စတင်ကျင်းပခဲ့ကြောင်း သိရသည်။ လက်ရှိကျင်းပသော နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် နိုင်ငံတော်အစိုးရ၏ ဦးစားပေး ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနှင့်...
ဒမတ်စကတ်စ် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည် နှစ်စင်းသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်လေဆိပ်အနီးသို့ကျရောက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက သတင်းထုတ်လွှင့်ခဲ့သည်။