ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုများစွာ ခံစားခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင် ၉ သန်းခန့်က အောက်တိုဘာလ ၂၀ ရက်တွင် မဲရုံများသို့သွားရောက်ကာ မဲပေးနေကြပြီဖြစ်ရာ လုံခြုံရေး တင်းကြပ်စွာချထားကြောင်း တွေ့ရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဟိန္ဒူပွဲတော်တစ်ခုအား ရထားလမ်းပေါ်မှ ကြည့်ရှုနေသည့် လူအုပ်အား ရထားဝင်တိုက်မှုဖြစ်ပွားပြီးနောက် လူ ၆၁ ဦးထက်မနည်းသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ရီယတ်၊ အော်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ပျောက်ဆုံးနေသော ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးအား ဖမ်းဆီးထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း Saudi Press Agemcy (SPA) က သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသရေး လုပ်ငန်း များကို အထူးဦးစားပေး လုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ် လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တောင်သူဦးကြီးများ အနေဖြင့် ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ရရှိနိုင်ရေး အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊ မြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အသိပေး...