ထရီပိုလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံသည် ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့(IOM)နှင့် ပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ်နှင့်ပါကစ္စတန်မှလာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၆ ဦးအား အောက်တိုဘာ ၃ ရက်တွင် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ဈေးအကြီးဆုံး ဝီစကီအရက်တစ်ပုလင်းကို ဗြိတိသျှငွေ ၈၄၈,ဝဝဝ ပေါင် (အမေရိကန်ဒေါ်လာ – ၁.၁ သန်း) ဖြင့် အီဒင်ဘတ်(Edinburgh) ၌ အောက်တိုဘာ ၃ ရက်တွင် လေလံပစ်၍ စံချိန်တင် ရောင်းချခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ဗီယင်နာ သံတမန်ဆက်ဆံရေးဆိုင်ရာ သဘောတူညီမှု စာချုပ်တွင် ပါဝင်သော နိုင်ငံတကာတရားရုံး၏အငြင်းပွားမှုဆိုင်ရာ တရားစီရင်ခွင့် သဘောတူညီချက်မှ နုတ်ထွက်လိုက် ကြောင်း အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးအခြေခံအဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် လိုင်စင်ရကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းခြင်းအစည်းအဝေးအားကျင်းပခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာ၊ ရပ်ကွက်(၁)၌ အောက်တိုဘာလ ၃ ရက်တွင် 88/1 ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၄၂ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် ၉,၂၁၀,၀၀၀ )တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။