Connect with us

Politics

တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” စတင်


ကျောက်ဖြူ ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ ၉၀ ခန့် အား သင်တန်း ပို့ချမှု စတင် ပြုလုပ်ပေးခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က အခမ်းအနား ၌ အဖွင့် အမှာစကား ပြောကြားရာတွင် ကျောင်းသား/သူ များ အနေဖြင့် သင်တန်း မှ ရရှိသည့် ပညာရပ်များ အား လုပ်ငန်းခွင် တွင် အကျိုးရှိရှိ အသုံးချသွားပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် သာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပါ အကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုကဲ့သို့ သင်တန်း ဖွင့်လှစ် နိုင်ခဲ့ခြင်း က သင်တန်း တက်ရောက်သည့် ကျောင်းသား/သူ တို့၏ ဘဝ နှင့် အနာဂတ် အတွက် လွန်စွာ အကျိုးရှိမည် ကို ယုံကြည်ကြောင်း ၊ ယခု သင်တန်း ဖြစ်မြောက်ရေး အတွက် ကူညီဆောင်ရွက်ပေး သည့် CITIC Consortium ၊ ယူနန်ပြည်နယ် အစိုးရ နှင့် သင်တန်း ဖြစ်မြောက်ရေး ကော်မတီ အပါအဝင် သက်ဆိုင်သူများ အားလုံး ကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်း က အလုပ်အကိုင် အတွက် တိုက်ရိုက် အကျိုးရှိစေမည် ဖြစ်သောကြောင့် အလွန် ကောင်းမွန်သည့် သင်တန်း တစ်ခု ဖြစ်ကြောင်း ၊ ယခု ဖွင့်လှစ်သည့် သင်တန်း မှ တစ်ဆင့် အခြေခံ မှ စ၍ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြား ခဲ့သည်။

CITIC (Myanmar) အလုပ်အမှုဆောင် အထွေထွေ မန်နေဂျာ မစ္စတာ ယွမ်ဆောင်ပင်း (Mr. Yuan Shaobin) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခု ဖွင့်လှစ်သည့် သင်တန်း က CITIC ၏ မြန်မာ နိုင်ငံ အတွင်း ဆောင်ရွက်သည့် စတုတ္ထမြောက် ပရဟိတ လုပ်ငန်း စီမံကိန်း ဖြစ်ကြောင်း ၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းများ ရရှိနိုင်ပါက ကျောက်ဖြူ ဒေသ ၏ အနာဂတ် ပိုမို တိုးတက် နိုင်စေမည် ဖြစ်သောကြောင့် မြန်မာ နိုင်ငံ အစိုးရ နှင့် ဒေသခံ တို့၏ ထောက်ခံအားပေးမှု ကို ရရှိခဲ့ကြောင်း ၊ CITIC Consortium အနေဖြင့် အနာဂတ် တွင်လည်း ကျောက်ဖြူ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီထောက်ပံ့မှုများ ပိုမို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော် များက စီမံကိန်း အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး သင်တန်းကျောင်း အား သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” တွင် သင်တန်း ပို့ချ ပေးနေသည့် ဦးမြတ်သူထွန်း က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် ကျောက်ဖြူ ဒေသ အတွက် ယခု ဖွင့်လှစ်လိုက်သည့် သင်တန်းမျိုး လိုအပ်ကြောင်း ၊ သင်တန်း မှ သင်ယူ ရရှိသည့် ပညာရပ်များ က ကျောင်းသား/သူ များ ရှေ့ဆက် လျှောက်လှမ်း ရမည့် အနာဂတ် ဘဝ အတွက် ရပ်တည် နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က ကူညီထောက်ပံ့မှုများ အမြဲဆောင်ရွက်ပေးလေ့ရှိပြီး ယခု ဖွင့်လှစ်လိုက်သည့် သင်တန်း မှ ရရှိလာမည့်အသီးအပွင့်များအားကျောက်ဖြူ

ဒေသ အတွက် ပြန်လည် အကျိုးပြုစေလိုကြောင်း ပြောကြား ခဲ့သည်။

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” ဖွင့်ပွဲ အခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” သင်တန်းကျောင်း မြင်ကွင်း(ဆင်ဟွာ)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က အခမ်းအနား ၌ အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

CITIC (Myanmar) အလုပ်အမှုဆောင် အထွေထွေ မန်နေဂျာ မစ္စတာ ယွမ်ဆောင်ပင်း (Mr. Yuan Shaobin) က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” သင်တန်းကျောင်း အား သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” တွင် သင်တန်း ပို့ချ ပေးနေသည့် ဦးမြတ်သူထွန်း က ဆင်ဟွာ ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

သင်တန်းသူ တစ်ဦး ဖြစ်သည့် မဇာပွင့်ဖြူ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

သင်တန်းသူ တစ်ဦး ဖြစ်သည့် မဇာပွင့်ဖြူ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် ယခုကဲ့သို့ သင်တန်း အား အဆင့်မြင့်မြင့် သင်ယူခွင့် ရရှိခဲ့သည့် အတွက် အလွန်ဝမ်းသာမိကြောင်း ၊ တရုတ် နိုင်ငံ မှ ယခုကဲ့သို့ မြန်မာ နိုင်ငံ လူငယ်များ အပေါ် ကူညီထောက်ပံ့မှုများ လာရောက် ပေးအပ်သည့် အတွက် အလွန် ကျေးဇူး တင်ကြောင်း ပြောကြား ခဲ့သည်။

“ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” က တရုတ် နိုင်ငံ ယူနန် ပြည်နယ် အစိုးရ နှင့် CITIC Consortium တို့ ပူးပေါင်း ကူညီဆောင်ရွက်ပေး ခဲ့သည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ စီမံကိန်း တွင် အခြေခံလျှပ်စစ် ကျွမ်းကျင်မှု သင်တန်း နှင့် အခြေခံ အင်္ဂလိပ် ဘာသာ သင်တန်း တို့အား ပို့ချပေးမည် ဖြစ်ကြောင်း ၊ သင်တန်းသား ရွေးချယ်ရာ တွင် ကျောက်ဖြူ ဒေသ ရှိ လိုအပ်ချက်ရှိသော ၊ စာသင်ကြားရန် အခက်အခဲရှိသော လူငယ်များ အား ဦးစားပေး ရွေးချယ်ပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.