ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် သြဂုတ်လ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများ...
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးများ ဆက်တိုက် ရွာသွန်းလျက် ရှိသည့်အတွက် သီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတိပေးနှိုးဆော်ချက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်လိုက်သည်။
ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ဆင်းဒဝစ်ဂျ် ကျွန်းစုများ၏ တောင်ပိုင်း၊ Bristol ကျွန်းစု ၏ ၁၃၀ ကီလိုမီတာ အကွာတွင် အင်အား ၆.၆ အဆင့်ရှိသည့်ငလျင်တစ်ခု သြဂုတ် ၂၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၂၃၅၅ တွင် လှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနကဆိုသည်။
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အမေဇုံမုတ်သုံသစ်တော မီးလောင်မှုကို ငြှိမ်းသတ်ရန် G7 အဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီအား ဘရာဇီးနိုင်ငံက သြဂုတ်လ ၂၆ ရက်က ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဂါဇာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) ဂါဇာမြို့၏ အနောက်တောင်ပိုင်းတွင် သြဂုတ် ၂၇ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း လူမျိုး နှစ်ဦး သေဆုံးခဲ့ကြောင်း ဆရာဝန်များ နှင့် လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။