Connect with us

Europe

ရုရှား လူလိုက်ပါသော အာကာသယာဉ် မြေပြင်သို့ အာကာသယာဉ်မူး ၃ ယောက် ဖြင့် ပြန်လည်ရောက်ရှိ

နိုင်ငံတကာ အာကာသယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ရုရှား “MS -12” လူလိုက်ပါသော အာကာသယာဉ် သည် အောက်တိုဘာ ၃ ရက် က နိုင်ငံတကာ အာကာသစ ခန်းမှ  ထွက်ခွာလာပြီး ထိုနေ့မှာပင် အာကာသယာဉ်မူး ၃ ဦး နှင့်အတူ ကမ္ဘာမြေပြင်သို့ အောင်မြင်စွာဆင်းသ  က် နိုင်ခဲ့ကြောင်း ရုရှား အမျိုးသားလေကြောင်းကော်ပိုရေးရှင်း က ဆိုသည်။

အဆိုပါ ”MS -12” လူလိုက်ပါသော အာကာသယာဉ်သည် ယခုနှစ် မတ်လ က အာကာသသို့ဝင်ရောက်ခဲ့ပြီး မော်စကို စံတော်အချိန် ၃ ရက် ၁၀ နာရီ ၃၇ မိနစ် တွင် နိုင်ငံတကာ အာကာသစခန်း မှ ပြန်လည်ထွက်ခွာခဲ့ သည်။ ၎င်း အာ ကာသယာဉ်က မော်စကို စံတော်အချိန် ၁၄ း၀၀ နာရီ တွင် ကာဇက်စတန်နိုင်ငံ၏ မြက်ခင်း ပေါ်၌ ပြန်လည်ဆင်း သက် ခဲ့ကြောင်း ၊ ထို အာကာသယာဉ်တွင် အာကာသယာဉ်မူး ၃ ဦး ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့က ရုရှား အာကာသ ယာဉ်မူး Aleksey Ovchinin ၊ အမေရိကန် အာကာသယာဉ်မူး Nick Hague နှင့် ယူအေအီး အာကာသ ယာဉ် မူး Hazza Mansouri တို့ဖြစ်ကြကြောင်းသိရသည်။

Aleksey Ovchinin နှင့် Nick Hague တို့က နိုင်ငံတကာ အာကာသစခန်းတွင် ၂၀၃ ရက် နေထိုင်ခဲ့ပြီး “MS -12” လူလိုက်ပါသော အာကာသယာဉ်သည် စက်တင်ဘာ လကုန်လောက်က နိုင်ငံတကာ အာကာသစခန်းတွင် ၈ ရက် နေထိုင်ခဲ့ကြောင်း ၊ ၎င်းတို့က အာကာသတွင် သိပ္ပံပညာရပ်များကို လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင် ခဲ့ကြောင်းသိရသည်။

နိုင်ငံတကာ အာကာသစခန်း၌ နောက်ထပ် ရုရှား ၊ အမေရိကန် နှင့် အီတလီ အာကာသယာဉ်မူး ၆ ဦး ကျန်ရှိ နေကြောင်း ၊ ၂၀၂၀ နှစ် ဧပြီလ တွင် “MS -16” အာကာသယာဉ်ဖြင့် ထပ်မံသွားရောက်ရန်ရှိကြောင်း သိရ သည်။ (Xinhua)