ကင်ရှာဆာ ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း North Kivuပြည်နယ်တွင် ယခုတစ်ကြိမ်ဖြစ်ပွားသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူသည် လက်ရှိအချိန်ထိဆိုလျှင် ၁၀၀ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တောင်အာဖရိက သမ္မတဟောင်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ရုပ်တုအား ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာလ ၂၄ ရက်က ထုတ်ဖော်ပြသခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား ဂိုဒေါင်သဖွယ် အသုံးပြုနေခြင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Thai Nguyen ပြည်နယ် တွင် စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းက မိသားစုတစ်ခု မှ မိသားစုဝင် ၃ဦး ဓားထိုးသတ်ခံရပြီး အနီးအနားတွင် နေထိုင်သူ ၄ဦး လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် တောင်အမေရိက အသင်းတစ်သင်းဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။