ယူနန်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် လယ်သမားများက ၎င်းတို့၏ ကောက်ပဲသီးနှံစိုက်ခင်းများအတွင်း အရောင်အသွေးစုံလင်သည့်အပင်များကိုတွဲဘက် ကာ ပန်းချီကားအသွင်ပုံဖော်ကာ စိုက်ပျိုးခဲ့ကြသည်။ မြေပေါ်တွင် လှပစွာပုံဖော်ထားသည့် ပန်းချီလက်ရာမြောက် ရှုခင်းများကို ကောင်းကင်မှ မျက်စိပသာဒဖြစ်ဖွယ်ရိုက်ကူးဖော်ကျူးထားပုံကို မြင်တွေ့နိုင်မည် ဖြစ်သည်။(Xinhua)
မေးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒမဲများ၏ တရားဝင်အတည်မပြုရသေးသောရလဒ်များအရ အတိုက်အခံကိုယ်စားလှယ်လောင်း Ibrahim Mohamed Solih က ဆန္ဒမဲ ၅၈.၃ ရာခိုင်နှုန်းရရှိထားသဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း တရားမဝင် အင်သစ်/ သစ်ယာသစ်/ ပျဉ်းကတိုးသစ်/ပျဉ်းမသစ် စုစုပေါင်း (၂၂.၇၅၆၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပါရာမာရီဘို၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆူရာနမ်နိုင်ငံနှင့်အတူ ဆက်ဆံရေးတိုးမြှင့်ကာ အဆင့်သစ်သို့ တက်လှမ်းရန် ဆန္ဒရှိကြောင်း ဆူရာနမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နို်င်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
တီဟီရန်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက အီရန်နိုင်ငံမှရေနံတင်သွင်းမှုကို လုံး၀ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီရန် ရေနံဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်က နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှုကို ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် အီရန်၏ရေနံတင်သွင်းမှုကို သုညအထိလျှော့ချခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။