Connect with us

Videos

တရုတ် နိုင်ငံ က နှစ်ပေါင်း (၇၀) အတွင်း ကမ္ဘာတွင် အရေးပါသည့် အောင်မြင်သော နိုင်ငံ အဖြစ် ထူထောင် နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ပြောကြား

နေပြည်တော် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က စက်တင်ဘာ ၂၆ ရက် နေပြည်တော် MICC(2) တွင် ကျင်းပပြုလုပ်သော တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် တရုတ် နိုင်ငံ က နှစ်ပေါင်း (၇၀) အတွင်း ကမ္ဘာတွင် အရေးပါသည့် နိုင်ငံ အဖြစ် ထူထောင် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ က အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ ကဏ္ဍ အသီးသီး တွင် အစဉ်တစိုက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း နှင့် အနာဂတ် တွင်လည်း တရုတ် နိုင်ငံ ၏ နားလည်မှု နှင့် အပြုသဘောဆောင်သည့် အကူအညီ များ ဆက်လက်ရရှိသွားမည် ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ ကြိုးပမ်းကာ အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံရေး အား ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက် ပြီး ပိုမိုလှပ ကောင်းမွန်သော တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အား ချဲ့ထွင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့် ဇနီး ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ ၊ ပြည်ထောင်စု ရာထူးဝန် ဥက္ကဋ္ဌ ၊ တပ်မတော် မှ အရာရှိ များ နှင့် ဒုတိယ ဝန်ကြီးများ တက်ရောက် ခဲ့ကြသည်။ အခမ်းအနား တွင် တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ်(၇၀) ပြည့် နိုင်ငံတကာ ဓာတ်ပုံပြပွဲ ၊ တရုတ်-မြန်မာ “ရပ်ဝန်း နှင့် ပိုးလမ်းမ” နှင့် နှစ်နိုင်ငံ စီးပွားရေး စင်္ကြံ အတူတကွ တည်ဆောက်ခြင်း နှင့် အောင်မြင်မှု ရလဒ် ပြပွဲ ကိုလည်း ထည့်သွင်း ပြသ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.