ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ရိုဘီ ၊ မေ ၁၅ ရက်(ဆင်ဟွာ) တောင်ဆူဒန်မြောက်ပိုင်း ဆူဒန်နှင့်ကပ်လျက်ရှိသော ဒေသတွင် မေလ ၁၄ ရက် က အစိုးရဆန့်ကျင်လက်နက်ကိုင်များနှင့်အစိုးရစစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်အစိုးရစစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးစခန်း၌ မေ ၁၄ ရက် နံနက် ၃ နာရီခွဲခန့်က ကျပ်သိန်းပေါင်း ၉၆ဝဝ ခန့်တန်ဖိုးရှိ (အိုက်စ်) အဖြူရောင် ပုံဆောင်ခဲများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဆိုးလ်၊ မေ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ တို့သည် ပန်မွန်ဂျုံ နယ်စပ်ရွာ၌ မေ ၁၆ ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန က မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။