Connect with us

Politics, Law & Military

အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ်အတွက် ဒေါ်လာ သန်း ၁၈၀ သုံးစွဲမည်

နေပြည်တော်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

လူတိုင်းအကျုုံးဝင် အရည်အသွေးမီ ပညာရေး လုပ်ငန်း အစီအစဉ် (IAQE: _ Inclusive Access and Quality Education) အတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ သုံးစွဲသွားမည်ဟု ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး တွင် တင်ပြခဲ့သည်။

“ဒီအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(IDA:_ International Development Association) မှ ချေးငွေ ဒေါ်လာ သန်း ၁၀၀၊ GPE(Global Partner for Education)က ထောက်ပံ့ငွေ ဒေါ်လာ သန်း ၇၀၊ European Union က ထောက်ပံ့ငွေ ဒေါ်လာ ၁၀ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၈၀ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်သို့ ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ IDA ထံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ ရယူရေးအတွက် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အခြေခံပညာကျောင်းများရှိ ကလေးများအားလုံး အရည်အသွေးမီ အခြေခံပညာရေး အခွင့်အလမ်းများ ရရှိစေရန်၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးများအား သင်ယူမှု အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စနစ်များ အားကောင်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မည့် လူတိုင်းအကျုုံးဝင် အရည်အသွေးမီ ပညာရေး လုပ်ငန်း အစီအစဉ်တွင် မြို့နယ် ၁၁၅ မြို့နယ်ရှိ ကျောင်းပေါင်း ၁၈၄၀၀ ကျော်တို ့ ပါဝင်ပြီး ကျောင်းပြင်ပ ပညာရေး ဆောင်ရွက်နေသော မြို့နယ်များရှိ ကျောင်းပညာရေးကို သင်ယူခွင့် လက်လှမ်းမီရန် ခက်ခဲသည့် ကျောင်းသူကျောင်းသား ၇၇၀၀၀ ခန် အတွက်ပါ အရည်အသွေးမီ ကျောင်းပြင်ပ ပညာရေးကို ရွေ့လျားကျောင်းများဖြင့် ပညာ သင်ယူခွင့် ရရှိစေမည်ဖြစ်ကြောင်း၊ အဆိုပါ IAQE အစီအစဉ်တွင် လုပ်ငန်းကဏ္ဍ လေးခု ပါဝင်ရာ အခြေခံပညာ အရည်အသွေး တိုးတက်ရေးနှင့် ကလေးအားလုံး အကျုံးဝင်ရေး၊ ကျောင်းထွက်နိုင်ခြေ ရှိသောကလေးများအတွက် အရည်အသွေးရှိ အခြေခံပညာကို ရရှိစေရေး၊ ပြည်သူ ဘဏ္ဍာ စီမံခန့်ခွဲမှု၊ ဝန်ထမ်းအင်အား စီမံခန့်ခွဲမှု စနစ်များ အားကောင်းစေခြင်း၊ နည်းပညာ ဆိုင်ရာ ကူညီပံပိုးမှု ရယူခြင်း တို့ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ အစီအစဉ် အတွက် ချေးငွေ ရယူရေးနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း လွှတ်တော်သို့ ရှင်းလင်း တင်ပြပြီး ချေးငွေ ရယူသင့် ပါကြောင်း ထောက်ခံ ပြောကြား အဆိုတင်သွင်းခဲ့သည်။

IAQE စီမံကိန်းကာလမှာ IDA ချေးငွေ စာချုပ် အသက်ဝင်ပြီးသည့် နေ့မှ စပြီး လေးနှစ် (ခန့်မှန်း ၂၀၁၉ – ၂၀ ခုနှစ်မှ ၂၀၂၂ – ၂၃ ခုနှစ်အထိ) ဖြစ်ပြီး စီမံကိန်းဝင် မြို့နယ် ၁၁၅ မြို့တို့မှာ ကချင် ပြည်နယ်တွင် လေးမြို့နယ်၊ ကယား သုံးမြို့နယ်၊ ကရင် သုံးမြို့နယ်၊ ချင်း လေးမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ခုနစ်မြို့နယ်၊ တနင်္သာရီ ငါးမြို့နယ်၊ပဲခူး ၁၂ မြို့နယ်၊ မကွေး ခြောက်မြို့နယ်၊ မန ္တလေး လေးမြို့နယ်၊ ရခိုင်၌ မြို့နယ်အားလုံး၊ ရန်ကုန် ခုနစ်မြို့နယ်၊ ရှမ်း ၂၅ မြို့နယ်၊ ဧရာဝတီ ၁၂ မြို့နယ်နှင့် နေပြည်တော်၌ နှစ်မြို့နယ် တို့ဖြစ်ကြကြောင်း၊ စီမံကိန်းဝင် မြို့နယ်များအား ရွေးချယ်ရာတွင် နယ်ပယ်စုံ ချို့တဲ့ မှု/ ခက်ခဲမှု ညွှန်းကိန်း(MDI: _ Multidimensional Disadvantage Index) နှင့် ပညာရေး အညွှန်းကိန်းများကို ဖော်ထုတ်၍ တန်းစီဇယား ဖော်ထုတ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.