ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား စက်တင်ဘာလ ၄ ရက်က လက်ခံ တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးကောင်းမွန်သော အလှကုန်ပစ္စည်း များ သုံးစွဲနိုင်ရေးအတွက် ပြည်တွင်းအလှကုန်ထုတ်လုပ်သူများအနေဖြင့် အာဆီယံ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) (၁၆) ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။