ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်သည် ကြီးမားသော အင်အားနှင့် တက်ကြွမှုအား အထင်အရှား သရုပ်ဖော်ထားသလို တရုတ်ပြည်သူများနှင့် တရုတ်နိုင်ငံအား အလွန်ကောင်းမွန်သော မျှော်လင့်ချက်များ ကိုလည်း ပွေ့ဖက်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က ယနေ့ (အောက်တိုဘာလ ၂၄ ရက်) တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကွမ်းသီးပင်ချောင်းဝ ရဲကင်းစခန်းအတွင်း ဓားကောက်ကိုင် ပြေးဝင်လာသော အမျိုးသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီး ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက် မေယုတောင်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ရန်ဖြစ်ပွားပြီး ဓားဒဏ်ရာဖြင့် တစ်ဦးသေဆုံးပြီး သေနတ်ဒဏ်ရာဖြင့် တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်မှု အတွက်တွန်းအားတစ်ခု ထည့်သွင်းပြဋ္ဌာန်းခဲ့ကြောင်း အောက်တိုဘာ ၂၄ရက်တွင် ကျင်းပသည့် ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုအရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) သုံးဆယ်မြို့၌ ကျည်မျိုးစုံ၊ လက်ပစ်ဗုံး(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ အောက်တိုဘာ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။