Connect with us

Economy

Smart China Expo တွင် စီမံကိန်း ၅၃၀ ခု လက်မှတ်ရေးထိုး

Smart China Expo တွင် လာရောက်လေ့လာသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေတွင် ကျင်းပခဲ့သော 2019 Smart China Expo တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၈၁၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅.၇ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်း ၅၃၀ အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများအနက် ၈၉ ခုအား ပြပွဲ၌ လက်မှတ်ရေးထိုးခဲ့ပြီး ၄၄၁ ခုမှာ ပြပွဲနေရာပြင်ပတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းစီမံကိန်းများတွင် 5G နည်းပညာ၊ အိုင်စီပတ်လမ်း (Integrated circuits) ၊ ဉာဏ်ရည်တုနှင့် Internet of Things အပါအဝင် နယ်ပယ်များ ပါဝင်မည် ဖြစ်သည်။ စာချုပ်များလက်မှတ်ရေးထိုးခဲ့ရာတွင် ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် စင်ကာပူနိုင်ငံ အပါအဝင် တရုတ်နိုင်ငံရှိ နယ်မြေများစွာမှ မိတ်ဖက်များ ပါဝင်ကြောင်း သိရသည်။

လေးရက်ကြာပြုလုပ်ခဲ့သည့် ပြပွဲ၌ နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံနှင့် ဒေသ ၆၀ နီးပါးနှင့် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်း ၈၀၀ ကျော်မှ ပညာရှင်များနှင့် အဆင့်မြင့် စီးပွားရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“Smart technology: empowering economy, enriching life” ဟူသောခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ပြပွဲ၌ ကွန်ဖရင့်များ၊ ပြပွဲ၊ ယှဉ်ပြိုင်ပွဲများနှင့် ဖိုရမ်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117