ကာရာကပ်စ် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jorge Arreaza က အမေရိကန် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ အစိုးရ အဖွဲ့ဝင် ၈ ဦး အား ပိတ်ဆို့အရေးယူမှု နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ပြီး...
တီဟီရန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ တွင် တိုက်ခိုက်မှုအသစ်များ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည့် ဗွီဒီယိုဖိုင်အား သြဂုတ်၉ ရက်တွင် IS စစ်သွေးကြွအုပ်စု က ထုတ်ပြန်ခဲ့ကြောင်း ဋ္ဌာနေသတင်းရင်းမြစ်များ အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်တွင် သြဂုတ် ၉ ရက် နံနက် ၅ နာရီခန့်က ခလုတ်မိုင်းဖောက်ခွဲရန် တပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ချီကာဂို၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ပိုင်း ချီကာဂိုမြို့ရှိ အိမ်ယာတစ်ခုအပြင်ဘက်တွင် ရပ်နေသော လူများအား သေနတ်သမားများက ပစ်ခတ်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်တွင်ပြောကြားခဲ့သည်။
ကွန်တန် ၊ မလေးရှား ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု တွန်းအားပေးမှုတစ်ခုအဖြစ် တရုတ်-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော ဧရာမရထားလမ်းပိုင်း တည်ဆောက်မှုစီမံကိန်းကို (မလေးရှားနိုင်ငံ ကွန်တန်မြို့(Kuantan)၌) သြဂုတ်လ ၉ ရက်တွင် တရားဝင် စတင်...