ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့သည် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိစေရန် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာ ၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာနက အထက်တန်းကျောင်းအုပ်ဆရာကြီး ချိန်လိချွင်အား “ခေတ်ကာလ၏ စံပြပုဂ္ဂိုလ်” အဖြစ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ကမ်းလွန်၌ ဖြစ်ပွားခဲ့သော ကုန်တင်သင်္ဘောတစ်စင်းတိမ်းမှောက်မှုတွင် ပိတ်မိနေသူ သင်္ဘောသား ၄ ဦးစလုံးကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့(USCG) က စက်တင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။
ထရီပိုလီ ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ပြီးခဲ့သော သုံးရက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း လစ်ဗျားအရှေ့ပိုင်းအခြေစိုက် သူပုန်တပ်ဖွဲ့က ယနေ့( စက်တင်ဘာ ၁ဝ ရက်) အစောပိုင်းတွင် ပြောကြားခဲ့သည်။