မနီလာ ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ် Lamitan မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကားဗုံးကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ ၆ ဦး ရှိပြီဖြစ် ကြောင်း ဖိလစ်ပိုင်အစိုးရတပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ထောင်စု အားလုံး၏ ၇၀ ရာခိုင်နှုန်း (အိမ်ထောင်စု ၇ ဒသမ ၅ သန်း)တို့သည် ခေတ်မီ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ သုံးစွဲနေကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မော်လမြိုင်မြို့ မှ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ သို့ ပြေးဆွဲလျက်ရှိသော ရထားများအကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်နေ့တွင် ရေစီးနှင့်အတူ မျောပါသွားသော နယ်မြေခံ တပ်မတော်သား သုံးဦးအနက် နှစ်ဦးအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ဆင်ဟွာ သတင်းအေဂျင်စီ (Xinhua News Agency) ချိုင့်မင်ကျောက်သည် တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး Zvi Heifetz နှင့် ဇူလိုင်လ ၃၀ ရက်က တွေ့ဆုံကာ အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍတွင် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု...