ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မှ ထိုးစစ်ဆင်လျက်ရှိသော အက်ဖရင်းဒေသသို့ ဆီးရီးယားစစ်တပ် ဝင်ရောက်ခွင့် နှင့် ပတ်သက်သော သဘောတူညီချက် တစ်ခုကို ဆီးရီးယားစစ်တပ် နှင့် ကာ့ဒ်တပ်ဖွဲ့တို့ ပြုလုပ်ခဲ့ကြောင်း သတင်းတစ်ခုက ဖေဖော်ဝါရီ ၁၈ရက်တွင်ဖော်ပြခဲ့သည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဖော်ပြချက်အရ နိုင်ငံ အနောက်မြောက်ပိုင်း Rajasthan ပြည်နယ် Ajmer ဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာ ပွဲ တစ်ခု တွင် ဂတ်စ်အိုး...
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ မြောက်ပိုင်း လန်ကာဝီကျွန်းပေါ်၌ ပြေးဆွဲနေသော ကောင်းကင်ကေဘယ်လ်ကားများ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၈ဝ ကျော်သည် ကားထဲ၌ ၄ နာရီနီးပါး ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
တီဟီရန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Dena တောင်တန်းပေါ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ ၊ လေယာဉ်ပေါ်လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံးသွားကြောင်း အီရန်နိုင်ငံမြို့ပြလေကြောင်းပို့ဆောင်ရေးဌာနအကြီးအကဲ Abed Zadeh ကအတည်ပြုပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် Oaxaca ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ ၁၆ ရက်က ပျက်ကျခဲ့ပြီး အနည်းဆုံး မြေပြင်ပေါ်ရှိ လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ရဟတ်ယာဉ်ပေါ်၌သို့ လိုက်ပါသွားသော အရာရှိများ ပြောကြားချက်အရ သိရသည်။