ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ၊တနင်္သာရီမြို့နယ်၊ တနင်္သာရီမြစ် ကိုဖြတ်၍ တနင်္သာရီ သံမဏိ သံဘောင်တံတား သစ် တစ်စင်း တည်ဆောက် လျက်ရှိရာ လက်ရှိတွင် ရေလည်တိုင် များ ဘိုးပိုင် အုတ်မြစ်ချရေး စီမံကိန်း လုပ်ငန်းများ တည်ဆောက်ခြင်း တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊...
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ Hualien စီရင်စု အနီးရှိ ရေပြင်၌ ပေကျင်းစံတော်ချိန် ဖေဖော်ဝါရီ ၈ရက် နံနက် ၈း၅၄နာရီ တွင် အင်အား ၄.၉ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ (CENC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ အာရှ တာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲကို နေပြည်တော်တွင် ယနေ့ စတင် ကျင်းပခဲ့ရာ နံနက်ပိုင်း တာဝေး စက်ဘီးပြိုင်ပွဲ၌ နိုင်ငံ ခြောက်နိုင်ငံမှ စက်ဘီးအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်းရှိနေရာ သုံးခုတွင် ငါးမဖမ်းရဇုန်များသတ်မှတ်၍ ငါးသယံဇာတရေရှည်တည်တံ့စေရန် ဒေသခံပြည်သူများဦးဆောင်ကာ ထိန်းသိမ်းမည့်အစီအစဉ်ကို ငါး လုပ်ငန်းဦးစီးဌာနနှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)၊ FishBioအဖွဲ့နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရားမဝင် အကောက်ခွန်မဲ့ သကြား ၅ဝ ကီလိုဂရမ်ရှိ အိတ်ပေါင်း ၁၄ဝ သယ်ဆောင်လာသည်ကို မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။