Connect with us

Politics, Law & Military

သမ္မတရှီ ကာဂျစ္စတန်နိုင်ငံနှင့်တာဂျစ်ကစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေး ခရီးစဉ်သွားရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းအဝေးနှင့် အာရှပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေးကို တက်ရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov၏ ဖိတ်ကြားချက်အရ ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေး ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ဘီရှကက်မြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဇွန် ၉ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

ထို့အပြင် တာဂျစ်ကာစ္စတန်နိုင်ငံသမ္မတ Emomali Rahmon၏ ဖိတ်ကြားချက်အရ သမ္မတရှီသည် ဇွန် ၁၄ ရက်မှ ၁၆ ရက် အထိ တာဂျစ်ကစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေးခရီးစဉ်သွားရောက်မည် ဖြစ်ပြီး ဒူရှန်ဘီမြို့တွင် ကျင်းပမည့် အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးနှင့်ယုံကြည်မှုတည်ဆောက်ရေးအစည်းအဝေး(CICA)သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)