ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဟူစတန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အိုကလာဟိုးမားမြို့ အရှေ့မြောက်ဘက် ၄၅ကီလိုမီတာခန့် ရှိ လူသာမြို့ အထက်တန်းကျောင်းတစ်ကျောင်း ၌ ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့် သြဂုတ် ၁၆ ရက်တွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံခဲ့ရကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) ရေပူနှင့်မရမ်းချောင် စစ်ဆေးရေးစခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် ထိုစခန်း နှစ်ခုမှ တားဆီးမှု ၁၂ မှု ၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉ ဒသမ...
နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee သည် သြဂုတ် ၁၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းတက်ရောက်ခဲ့သည့် ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။
ချင်းသောင်၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်ဆိပ်ကမ်းတွင် ဧရာမသတ္တုများသယ်ဆောင်မည့်သင်္ဘောကြီးတစ်စင်းကို ရေချပြီး စတင် အသုံးပြုလျက်ရှိပြီဖြစ်သည်။ အဆိုပါသင်္ဘောကြီးကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၆၅ မီတာရှိကာ အရှည် ၃၆၂ မီတာရှိသည်။ အကျယ်အဝန်းအားဖြင့် ဘောလုံးကွင်း ၃ ကွင်းစာ ထက်ပိုမိုကျယ်ဝန်းပြီး ၎င်းမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသတ္တုသယ်သင်္ဘောကြီးတစ်စင်းဖြစ်သည်။...