Connect with us

Eastern Europe

တရားမဝင် ငါးခိုးဖမ်းမှုတိုက်ဖျက်ရေး တရုတ်-ရုရှား နှစ်နိုင်ငံပူးတွဲ ကင်းလှည့်မှု အဆုံးသတ်

တရုတ်-ရုရှားနှစ်နိုင်ငံ နယ်နိမိတ်ပိုင်းခြားထားသော Heilong မြစ်ထဲတွင် ငါးဖမ်းလှေတစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဟာဘင် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

တရုတ် နှင့် ရုရှား နိုင်ငံတို့သည် မြစ်အတွင်း တရားမဝင် ငါးခိုးဖမ်းမှုများကို နှိမ်နင်းရန် ရည်ရွယ်၍ ဟီလောင်မြစ်(Heilong) သို့မဟုတ် ရုရှားနိုင်ငံရှိ အမ္မာမြစ်(Amur) ထဲ၌ လုပ်ဆောင်ခဲ့သော ပူးတွဲကင်းလှည့်ရေး အစီအစဉ်တစ်ခုကို ဇွန် ၅ ရက်တွင် အဆုံးသတ်လိုက်ကြောင်း သိရသည်။

ဟီလောင်ကျင်း(Heilongjiang) ပြည်နယ် စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာ ဗျူရိုမှ သတင်းအရင်းအမြစ်တစ်ဦးက မေ ၂၈ ရက်က စတင်ခဲ့သော နှစ်နိုင်ငံ နယ်နိမိတ်ပိုင်ခြားထားသောမြစ်ရေပြင်ထဲ ပူးတွဲကင်းလှည့်မှုများ ဆောင်ရွက်စဉ်အတွင်း တရားမဝင် ငါးခိုးဖမ်းမှုများ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၉ ရက်တာ ကင်းလှည့်မှုအတွင်း နှစ်နိုင်ငံ ငါးဖမ်းလုပ်ငန်းစီမံခန့်ခွဲရေးအရာရှိများသည် ငါးဖမ်းလုပ်ငန်းဆိုင်ရာအခြေအနေနှင့်ပတ်သက်၍လည်းကောင်း အထူးသဖြင့် ငါးဖမ်းမှုတားမြစ်ကာလတစ်ခုအတွင်း ငါးဖမ်းလှေများစီမံအသုံးပြုပုံ အကြောင်းကို အလေးထားဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ်မြစ်ရေပြင် မှ ထွက်ရှိသော ရေထွက်ပစ္စည်းများ တင်ပို့မှု နှင့်တင်သွင်းမှု မြှင့်တင်ရေး နှင့် သိပ္ပံ နှင့် သုတေသနပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ငါးနှင့်ဆက်စပ်သော ထုတ်ကုန်များ နှင့် ငါးအရင်းအမြစ် ထိန်းသိမ်းရေး လုပ်ငန်းများတွင် တရုတ် နှင့် ရုရှားနိုင်ငံတို့အကြား နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ် ၂ ခုကျော်ကြာအောင် ခိုင်ခိုင်မာမာရှိခဲ့သလို နှစ်နိုင်ငံစလုံးအနေဖြင့် ငါးလုပ်ငန်းဝင်ငွေ နှင့် အကျိုးအမြတ်များရရှိရေးတွင် အပြုသဘောဆောင်သော လုပ်ဆောင်မှုရှိခဲ့ကြောင်း သိရသည်။

ဟီလောင်မြစ် နှင့် ၎င်း၏ မြစ်လက်တက် Wusuli မြစ်တို့အတွက် နှစ်နိုင်ငံငါးလုပ်ငန်းဦးစီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အတူတကွ လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.