ချုံချင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ Chang’e-4 အာကာသယာဉ် ဖြင့် လကမ္ဘာပေါ်သို့ သယ်ဆောင်သွားသော ဝါဂွမ်းစေ့ သည် ပထမဆုံးအဖြစ် လကမ္ဘာပေါ်တွင် အပင်ပေါက်လာကြောင်း အသေးစား ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှု အဖွဲ့တစ်ခုမှ သိပ္ပံပညာရှင်များက ဇန်နဝါရီ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် များတွင် တပ်မတော်ကိုယ်စားလှယ် ၁၄ ဦးအစားထိုး ခန့်အပ်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) လွယ်လင်ခရိုင် ကွန်ဟိန်းတွင် ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၅ဝ,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၁၅ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လန်ဒန်၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအကြား ဆွေးနွေးထားသည့် Brexit သဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်တွင် ဇန်နဝါရီ ၁၅ ရက်က မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။
ဒမတ်စကပ်(စ်)၊ဇန်နဝါရီလ ၁၅ ရက်(ဆင်ဟွာ) တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep Tayyip Erdogan) ကဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးဇုံတစ်ခုဖန်တီးတည်ဆောက်ရန် ပြောကြားခဲ့ခြင်းအပေါ် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၅ ရက် တွင်ဝေဖန်ပြောကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကပြော ကြားခဲ့သည်။