Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှု ဖြစ်ပွားရာ ၂ ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၅/၅) အနီး တွင် မေ ၂၆ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်ပြီး ခရီးသည် ၃၈ ဦး လိုက်ပါ လာသော ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့မှ မောင်းနှင်နေသည့် LIGHT TRUCK အမျိုးအစား ယာဉ်အား နောက်မှ ဝင် ရောက် တိုက်မိခဲ့သဖြင့် LIGHT TRUCK ယာဉ်ပေါ်တွင် လိုက်ပါလာသူ ယာဉ်မောင်းအပါအဝင် ၁၀ ဦး အနက် ၈ ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ၂ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ယာဉ်မဆင်မခြင်မောင်းနှင်သူ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ဖြစ်သူကို ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117