ဒါဗာအိုစီးတီး ၊ ဖိလစ်ပိုင် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဖြစ်သော ဒါဗာအိုမြို့အနီး၌ ယနေ့(ဇွန်လ ၁၄ ရက်) နံနက်အစောပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၉ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဒီမိုကရေစီ မရင့်ကျက်သေးသည့်အပြင် လူမျိုးပေါင်းစုံနေထိုင်သော မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး စိန်ခေါ်မှုများစွာနှင့် ပြည့်နှက်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် ဆွီဒင်လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များအား ပြောကြားသော မိန့်ခွန်းတွင်...
လန်ဒန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အနောက်ပိုင်း တွင် ဇွန်လ ၁၄ ရက် အစောပိုင်းက ၂၇ထပ် အဆောက်အအုံတစ်လုံး မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးတောက်များကို ဒုတိယထပ်မှ အဆောက်အအုံ အပေါ်ဆုံးထပ်အထိ တွေ့မြင်နေရကြောင်း လန်ဒန်မြို့မီးသတ်တပ်ဖွဲ့၏ သတင်းပေးချက်အရသိရှိရသည်။
ဘာလင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ မြူးနစ်မြို့မြေအောက်ရထားဘူတာရုံတွင် ဇွန်လ ၁၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦးအပါအဝင် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း မြူးနစ်ရဲတပ်ဖွဲ့ကဆိုသည်။
ဝါရှင်တန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံ သို့မဟုတ် ကလေးနှင့် အရွယ်ရောက်သူ နှစ် ဘီလီယံကျော်က အဝလွန်နေကြကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည့် လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။